ငလျင်လှုပ်ခတ်မှုအပြီး အင်တာနက်လိုင်းများပြတ်တောက်သွားခဲ့ပြီးနောက် ပို့ကုန်တင်ပို့မှုအတွက် အခက်အခဲမရှိစေရန် ပို့ကုန်လိုင်စင်မလိုဘဲ ဧပြီတလလုံး ကုန်စည် တင်ပို့ခွင့်ပြုထားကြောင်း ပို့ကုန်လုပ်ငန်းရှင်များ၏ပြောပြချက်အရ သိရသည်။ယင်းကြောင့်ဧပြီတစ်လလုံး ပို့ကုန်ကြေညာလွှာဖြင့် အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ခွင့်ပြုနေကြောင်း သိရသည်။



