ငလျင်လှုပ်ပြီးနောက် ယခုရက်ပိုင်းအတွင်း နေပြည်တော်ဒေသတွင် သူခိုးများသောင်းကျန်းနေခြင်းကြောင့် ဒေသခံများမှာ ပျက်စီးနေသည့် အဆောက်အဦးများအနီးတွင် မိမိအစီအစဉ်ဖြင့် သတိပြုကာကွယ်လုပ်ဆောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။ထိုကြောင့် ပျက်စီးနေသော အဆောက်အဦးများမှ ဝင်ရောက်ခိုးယူကြသူများရှိခြင်းကြောင့် ညအချိန်တွင် အပျက်အစီးများအနီး၌ ညအိပ်၍စောင့်ဆိုင်းနေရပြီး ခိုးယူသူများမှာ အုပ်စုလိုက်ဖြစ်နေခြင်းကြောင့် ပြန်လည်၍ အန္တရာယ်ပြုမည်ကို စိုးရိမ်ကြသည့်အတွက် မိမိအစီအစဉ်ဖြင့် စုပေါင်း၍ သတိထားကာ ကာကွယ်လုပ်ဆောင်နေရကြောင်း ဆိုကြသည်။



