မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ဆက်သွယ်ရေးစခန်း ၆,၇၃၀ ခု ချိုယွင်းပျက်စီးခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။ထိုကြောင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကျွမ်းကျင်ဝန်ထမ်းများ၊ အရန်စက်ပစ္စည်းများနှင့် ကြိုးပမ်းဆောင်ရွက်မှုကြောင့် ပျက်စီးခဲ့သည့် စခန်း ၆,၇၃၀ ခုအနက် ၃,၃၀၀ ခု ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း အသိပေးထားသည်။



