ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများသည့် မန္တလေးမြို့တွင် တစ်ပတ်ခန့်ကြာမြင့်သည်အထိ အလုံးစုံ မရှင်းလင်းနိုင်သေးသောကြောင့် အဆောက်အဦးပြိုကျသည့် နေရာဝန်းကျင်များတွင် အပုပ်နံ့များ ထွက်နေသည်ဟုရှာဖွေကူညီကယ်ဆယ်ပေးနေသူအချိုထံမှ သိရသည်။မန္တလေးမြိုတွင် ငလျင်ကြောင့် သေဆုံးသူ ၁၅၅၃ ဦးအထိ ရှိနေပြီး နိုင်ငံတကာကယ်ဆယ်ရေးအဖွဲများနှင့်အတူ အနယ်နယ်အရပ်ရပ်မှ ကယ်ဆယ်ရေးအဖွဲများ စုပေါင်းပြီး ကယ်ဆယ်ရေးလုပ်ဆောင်နေကြသည်။ရှာဖွေရက်ကြာမြင့်လာသည့်နှင့်အမျှ အပုပ်နံ့များထွက်လာခြင်းနှင့် အပူရှိန်မြင့်မားလာခြင်းကြောင့် ဒေသခံအချို့မှာ အခက်အခဲများ ကြုံနေကြရသည်ဟု မန္တလေးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။



