ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ငလျင်ဘေးသင့်ပြည်သူများအတွက် ရည်ရွယ်ပြီး မတ်လ ၃၀ ရက်နေ့ကနေ လူငယ်တွေ အလှူငွေရှာဖွေရေး လှုပ်ရှားမှုကမ်ပိန်း ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။လှုပ်ရှားမှုမှာ ဆံပင်ညှပ်ခြင်း၊ ပုံတူဆွဲခြင်း၊ အစားအစာမုန့်၊ T-shirt၊ စာအုပ်နဲ့ အခြားလက်မှုပစ္စည်းများ ရောင်းပြီး အလှူငွေရှာဖွေခြင်းဖြစ်ကြောင်း ပြောပါတယ်။လှုပ်ရှားမှုကို မြစ်ကြီးနားမြို့ အထက (၂) ကျောင်းအနီးမှာ ပြုလုပ်နေတာဖြစ်ပြီး မွန်းလွဲ ၂ နာရီကနေ ညနေ ၅ နာရီခွဲအထိ လာရောက် ပါဝင်လှူဒါန်းနိုင်ပြီး၊ ရရှိတဲ့အလှူငွေများ အားလုံးကို ငလျင်ဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းသွားမှာဖြစ်တယ်လို လှုပ်ရှားသူများထံမှ သိရပါတယ်။



