လာမည့် ဧပြီလ ၁၁ရက် သောကြာနေ့ည One Lumpinee 104 မှာ မြန်မာနွယ်ဖွား မွန်တိုင်းရင်းသား မွေထိုင်းဖိုက်တာလေး ဆွန်ရက် နဲ့ ထိုင်းလူမျိုး မွေထိုင်းဖိုက်တာ ခွန်ပွန်နွိုင်း တို့ ဖလိုင်းဝိတ်မွေထိုင်းပွဲအဖြစ် ယှဥ်ပြိုင်ထိုးသတ်ကြတော့မှာ ဖြစ်ပါတယ်။ မွန်ဖိုက်တာလေး ဆွန်ရက် က အသက်က ၂၈နှစ် ၊ အရပ် ၅ပေ၆လက်မ ၊ ၁၀ပွဲထိုး ၆ပွဲနိုင် ၄ပွဲရှုံးရလဒ် ရရှိထားသော်လည်း နောက်ဆုံးထိုးတဲ့ 5ပွဲမှာ 5ပွဲလုံးအနိုင်ရရှိထားပါတယ်။ ထိုင်းဖိုက်တာ ခွန်ပွန်နွိုင်း က အသက်က ၃၂နှစ်၊ အရပ်က ၅ပေ၆လက်မ၊ ၆ပွဲထိုး ၄ပွဲနိုင် ၂ပွဲရှုံး ရလဒ်ရရှိထားပြီး နောက်ဆုံးထိုးသတ်ထားတဲ့ ၂ပွဲစလုံး အလဲထိုးနဲ့ အနိုင်ရရှိထားပါတယ်။ One မှာ နိုင်ထားတဲ့ ၄ပွဲစလုံးက အလဲထိုးနဲ့အနိုင်ရရှိထားတာကြောင့် အလဲထိုး ပါဝါရှိတယ်လို့ သတ်မှတ်လို့ ရပါတယ်။
လာမည့် ဧပြီလ ၁၁ရက် One Lumpinee 104 မှာ မြန်မာနွယ်ဖွား မွန်တိုင်းရင်းသား မွေထိုင်းဖိုက်တာလေး ဆွန်ရက် နဲ့ ထိုင်းလူမျိုး မွေထိုင်းဖိုက်တာ ခွန်ပွန်နွိုင်း တို့ ထိုးသတ်မည်
Apr 03 • 1:52 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 29 | 0 | 0 | 0 |


