မြန်မာ့ငလျင်ဘေးကူညီရေး ရောက်ရှိနေသည့် အင်ဒိုနီးရှားကယ်ဆယ်ရေးအဖွဲ့သည် နေပြည်တော်တွင် ရှာဖွေကယ်ဆယ်ရေးနှင့် ကုသရေးလုပ်ငန်းများကို ဧပြီလ (၃)ရက်နေ့တွင် ဆက်လက်လုပ်ဆောင်နေကြောင်း သိရပါတယ်။အဆိုပါ အင်ဒိုနီးရှားကယ်ဆယ်ရေးအဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိသည့် ဧပြီလ (၁)ရက်နေ့ကတည်းက နေရာချထားပေးသည့် နေပြည်တော်နယ်မြေအတွင်း ရှာဖွေကယ်ဆယ်ရေးနှင့် ကုသရေးလုပ်ငန်းတို့တွင် လုပ်ဆောင်ပေးနေခြင်း ဖြစ်ကြောင်း သိရသလိုအင်ဒိုနီးရှား အဖွဲ့သည် ငလျင်ကြောင့် ပြိုကျနေသည့် သုခသိဒ္ဓိဝန်ထမ်းအိမ်ရာတွင် အဖွဲ့နှစ်ဖွဲ့ခွဲ၍ ရှာဖွေရာ သေဆုံးသူ (၃)ဦး တွေ့ရခဲ့ပါတယ်။
Apr 03 • 1:44 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


