မြန်မာ့လက်ရွေးစင်နောက်ခံလူ သီဟထက်အောင် ဦးဆောင်ပြီး အလှူရှင်တွေ စုပေါင်းကာ ငလျင်ဒဏ်ခံခဲ့ရတဲ့ စစ်ကိုင်းမြို့အတွင်း လှူဒါန်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ သီဟထက်အောင် နဲ့အတူ အလှူရှင်တွေ စုပေါင်း အလှူငွေ တစ်ရာသုံးဆယ့်ငါးသိန်းဝန်းကျင်၊ ဦးသန့်ဇင်ထွန်း+ဒေါ်နီလာထွေး၊ ဦးကျော်ဇင်ထွေး+ဒေါ်အိအိသွယ် ရွှေတိုးမောင် မိသားစုမှ ငွေကျပ်သိန်းနှစ်ရာ(၂၀၀)တန်ဖိုးရှိလှူဖွယ်ပစ္စည်းများ၊ ဦးကျော်ဇေယျာဝင်း+ဒေါ်ဆုဝင့်ဝင့်အောင် KYAW ZAY-အိမ်ခြံမြေရောင်းဝယ်ရေးနဲ့ အပေါင်းအသင်း မိတိဆွေတွေက ငွေကျပ်သိန်းတစ်ရာ(၁၀၀)တန်ဖိုးရှိ လှူဖွယ်ပစ္စည်းတွေကို စုပေါင်းလှူဒါန်းနေတယ်လို့ သီဟထက်အောင်က လူမှုကွန်ရက်စာမျက်နှာက တစ်ဆင့် ထုတ်ပြန်ထားပါတယ်။ 
Apr 03 • 1:42 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 19 | 0 | 0 | 0 |


