မတ်လ (၂၈) ရက်က လှုပ်ခတ်သည့် အင်အားပြင်း ငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် (၂၈) လမ်းပေါ်ရှိ (၇) လွှာတိုက် အပျက်အစီးများကြားမှ ဆုံးပါးသူ ရုပ်အလောင်း (၃) လောင်းကို တရုတ်ရှာဖွေကူညီကယ်ဆယ်ရေးအဖွဲ့များ အကူအညီဖြင့် သယ်ထုတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ဧပြီလ (၂) ရက် ည (၁၁) နာရီဝန်းကျင်က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်အား မတ်လ (၂၉) ရက် ညပိုင်းကတည်းက စက်ယန္တရား အကူအညီဖြင့် ဖယ်ရှားရှင်းလင်းနေခြင်းဖြစ်ပါတယ်။အဆိုပါ (၇) လွှာတိုက် ပြိုကျမှုကြောင့် ယင်းတိုက်နေသူ (၁၂) ဦး ပိတ်မိအသက်ဆုံးရှုံးခဲ့ရပြီး ပျောက်ဆုံးနေသူများထဲတွင် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်ကြောင်း သိရပါတယ်။
အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် ရန်ကုန်တွင် (၂၈) လမ်းရှိ (၇)လွှာတိုက်အပျက်အစီးများ အတွင်းမှ ရုပ်အလောင်းအချို့ ထပ်တွေ့ခဲ့
Apr 03 • 1:54 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 26 | 0 | 0 | 0 |


