အင်အားပြင်းငလျင်ဒဏ်ကြောင့်ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ် အင်းလေးကန် ရှိ ကျေးရွာများတွင် လျှပ်စစ်မီး ဓါတ်တိုင်များ အတော်များများ ပျက်စီးသွားခဲ့ပါတယ်။ကျေးရွာများတွင် လျှပ်စစ်မီး ပြန်လည် ရရှိရန် အချိန်ကြာမြင့်ဦးမည်ဟုအင်းလေး ဒေသခံများက သုံးသပ် ပြောဆိုကြသလိုငလျင်ကြောင့်အဓိကအားဖြင့် ကေလာအုပ်စုရှိ ကေလာ ၊စိတ္တ ၊အုန်းပင်၊ ရွှေပြည်သာ၊ ဇရပ်ကြီး ၊ နန်းပန် ရေလယ်၊ နန်းပန် ပေါက်ပါး ၊ ကြာတော၊ အိုင်ထောင့်ကြီး ၊ ရှေ့၀ကြီး ၊ မြောင်း၀ကြီး ၊ သလဲဦးအင်းရွာ၊ အင်းခြံ၊ ညောင်ဝန်း ၊ ကြေးစား (သုံး) ရွာ ၊ ဟဲယာရွာမ၊ ကန်ခေါင်း ၊ အင်းပေါခုံတို့ တွင် အိမ်ခြေပေါင်း ၂၅၆၆ အိမ် ပျက်စီးခဲ့ကြောင်း သိရပါတယ်။အင်းလေးကန်တွင် ကေလာ ကျေးရွာအုပ်စု ရှိ ကျေးရွာပေါင်း (၆) ရွာ မှာ အထိအနာဆုံး ဖြစ်ကာ အိမ်ခြေပေါင်း တစ်ထောင်ကျော် ရှိရာတွင် ၈၅၀ ကျော် ပျက်စီးခဲ့သဖြင့် ၈၅ ရာခိုင်နှုန်းကျော် ပျက်စီးခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
ရှမ်းပြည်နယ် အင်းလေးကန်ရှိ ကျေးရွာများတွင်ငလျင်ကြောင့် လျှပ်စစ်မီးဓါတ်တိုင်များ အတော်များများ ပျက်စီးသွား
Apr 03 • 1:15 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 27 | 0 | 0 | 0 |


