နောက်ထွက်လာမယ့် Apple Watch တွေမှာ ကင်မရာပါဝင်လာတော့မှာဖြစ်ကြောင်း Appleinsider သတင်းမှာ ပါရှိပါတယ်။ Apple ဟာ နောက်ထွက်မယ့် Watch Series ရဲ့ screen area ထဲမှာ ကင်မရာတစ်လုံး ထည့်ဖို့ စီစဉ်နေတာပါ။ Apple Watch Ultra အသစ်ရဲ့ Digital Crown ဘေး ညာဘေးပေါင်မှာ ကင်မရာ ပါမယ်လို့ ခန့်မှန်းတွက်ဆထားပါတယ်။ သတင်းတွေအရဆို Apple က နောက်ထွက် မယ့် AirPods တွေမှာ အသေးစားကင်မရာလေးတွေ တပ်သွားမယ်လို့ သိရပါတယ်။



