ယူနိုက်တက်အသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်တဲ့ပွဲအပြီးမှာ နည်းပြ အာမိုရင်က သူ့ရဲ့ကစားသမားတွေဟာ ပြိုင်ဘက်အသင်းအနိုင်ရရှိအောင် ကူညီပေးခဲ့တယ်လို့ပြောပြီး ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။ အာမိုရင်က "ကျနော်တိုဟာ ပွဲကိုထိန်းချုပ်နိုင်ခဲ့ပေမယ့် ဖောရက်စ်အသင်းက ဂိုးသွင်းယူနိုင်တယ်ဆိုတာ သိထားပြီးသားပါ။ ကျနော်တိုပွဲတွေမှာ အနိုင်ရဖို လိုနေပေမယ့် ဒါက ကျနော်တို့ရဲ့အမှားဖြစ်ပြီး ဂိုးသွင်းရမယ့်နေရာမှာ ပိုကောင်းဖို့လို့ပါတယ်။ အခုတော့ သူတို့ကို ၃ မှတ်ရရှိအောင်ကူညီပေးခဲ့တယ်" လို့ ပြောခဲ့တာပါ။



