ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်တွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် နိုင်ငံတော် စာရင်းစစ်ရုံး (SAO) အနေဖြင့် အဆောက်အအုံ ပြိုကျမှုနှင့်ပတ်သက်ပြီး စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးရန် ဝန်ကြီးချုပ် ပေတုန်တန်(Paetongtarn Shinawatra) က ဧပြီ ၁ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့သည်။ မတ်လ ၂၈ ရက်က ငလျင်လှုပ်ခတ်မှုကြောင့် ဘန်ကောက်မြို့ ချာတူချက် (Chatuchak) ရပ်ကွက်ရှိ အထပ် ၃၀ အမြင့်ရှိ ဆောက်လုပ်ဆဲ အဆောက်အအုံ ပြိုကျခဲ့ပြီး ဒဏ်ရာရသူများ၊ သေဆုံးသူများနှင့် ပျောက်ဆုံးသူများ အများအပြား ရှိခဲ့ပြီးနောက် ပေတုန်တန်က ထိုကဲ့သို့ အမိန့်ထုတ်ခဲ့ခြင်းဖြစ်သည်။



