သုတေသနအသစ်အရ တစ်နေ့ကို ကယ်လိုရီ ၁၀၀ လောက်ရှိတဲ့ သရက်သီးစားပေးရင် အင်ဆူလင်လျှော့ချနိုင်ပြီး အဝလွန်သူတွေမှာ အင်ဆူလင်အလုပ်လုပ်နိုင်စွမ်း မြှင့်တင်ပေးနိုင်မယ်လို ယူဆထားပါတယ်။ သရက်သီးလတ်လတ်ဆတ်ဆတ်တွေက အဝလွန်သူတွေမှာ ဆီးချိုဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ သရက်သီးရဲ့ သကြားဓာတ်ပါဝင်မှုက ဆီးချိုအပေါ် သက်ရောက်မှုရှိတယ်ဆိုတဲ့ ယူဆချက်အလွဲတွေကို ဖြေရှင်းပြတဲ့သဘော တွေ့လာရပါတယ်။ သရက်သီးက အမျှင်ဓာတ်ကြွယ်ဝကာ အူလမ်းကြောင်းကျန်းမာရေးကို ထောက်ပံ့ပေးပြီး အစာခြေခြင်းကို ကူညီပေးပါတယ်။ ဗိုက်တာမင်-အေ၊ စီ၊ အီး၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများလည်း ပါဝင်တာကြောင့် အရေပြားနဲ့ ဆံကေသာကျန်းမာရေးကို ထောက်ပံ့ပေးပါတယ်။



