ဖိလစ်ပိုင်နိုင်ငံသည် ငလျင်ဒဏ်ခံခဲ့ရသော မြန်မာနိုင်ငံသို့ ပထမဆုံးအသုတ်အဖြစ် လူ ၉၁ ဦးပါ ကယ်ဆယ်ရေးအဖွဲ့ကို ဧပြီလ ၁ ရက် အင်္ဂါနေ့အစောပိုင်းက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများလုပ်ရန် စေလွှတ်ခဲ့သည်ဟုသိရသည်။ "C-130 လေယာဉ်နှစ်စင်းသည် မြန်မာနိုင်ငံ၌ နှစ်ပတ်ကြာကူညီရန် ကနဦးအဖွဲ့ဝင် ၅၈ ဦးကို ပို့ဆောင်ခဲ့ပြီး ကျန် ၃၃ ဦးကို ဧပြီလ ၂ ရက်နေ့တွင် နောက်ထပ် C-130 လေယာဉ်တစ်စီးဖြင့်ပို့ဆောင်ရန် စီစဉ်ထားသည်" ဟု ဖိလစ်ပိုင်လေတပ် (PAF) ၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။



