လူမှုဖူလုံရေးဖောင်ဒေးရှင်းမှ အလှူခံပုံးကို ဖောက်ထွင်းဝင်ရောက်ကာ ငွေများယူဆောင်သွားသော အသက် ၆၂ နှစ်အရွယ် အမေရိကန် အမျိုးသားတစ်ဦးကို ပတ္တရားမြို့မ ရဲစခန်းအနီးတွင် ဧပြီလ ၂ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့က ဘတ်ငွေ ၁၀၀၊ ဘတ်ငွေ ၂၀ နှင့် နိုင်ငံခြားငွေများကို ၎င်း၏ ပိုက်ဆံအိတ်ထဲတွင် တွေ့ရှိခဲ့သည်။ အဆိုပါအမျိုးသား၏ ATM ကတ် ပျောက်ပြီး ပိုက်ဆံမရှိလို့ အလှူပုံးထဲက ပိုက်ဆံကို ယူသွားခြင်းဖြစ်ပြီး တာဝန်ရှိသူများက ၎င်းအား ဥပဒေအရ အရေးယူရန် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။



