ငလျင်ဘေးသင့်နေတဲ့ မန္တလေးမြို့ပေါ်မှာ သူခိုးတွေ အုပ်စုဖွဲ့ပြီး ပြိုကျပျက်စီးနေတဲ့ နေအိမ်တွေထဲက ပစ္စည်းတွေကို စိတ်တိုင်းကျ ဝင်ရောက်လုယက်သယ်ဆောင်ကာ သောင်းကျန်းနေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေတဲ့ မန္တလေးမြို့ပေါ်က နေအိမ်အဆောက်အဦးအများစုဟာ အိမ်ပိုင်ရှင်တွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတာကြောင့် အဖိုးတန်ပစ္စည်းတွေကို အုပ်စုဖွဲ့ပြီး လုယက်ယူဆောင်နေကြတာဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။အဲဒီလို အုပ်စုဖွဲ့သောင်းကျန်းနေတဲ့ သူခိုးတွေဟာ ပြိုကျပျက်စီးနေတဲ့ နေအိမ်တွေထဲက ပစ္စည်းတွေကို ယူဆောင်တာတင်မကဘဲ ငလျင်ဘေးသင့်လို ကွင်းပြင်မှာ လာရောက်တိမ်းရှောင်နေကြရတဲ့ မြို့ခံတွေဆီကပါ အလစ်အငိုက်ဝင်ရောက်ပြီး ပစ္စည်းခိုးယူတာတွေ လုပ်ဆောင်နေတယ်လို့လည်း မြို့ခံပြည်သူတွေက လူမှုကွန်ရက်မှာ အသိပေးရေးသားထားကြပါတယ်။



