back

တစ်မြို့လုံးနီးပါးအုတ်ပုံဖြစ်သွားတဲ့အမရပူရမှာ သောက်သုံးရေနဲ့စားစရာပြတ်လပ်နေ

Apr 02 • 3:28 PM

breaking-news

မြန်မာ

မန္တလေး

cover

တစ်မြို့လုံးနီးပါးအုတ်ပုံဖြစ်သွားတဲ့အမရပူရမှာ သောက်သုံးရေနဲ့စားစရာပြတ်လပ်နေ

ငလျင်ဒဏ်ကြောင့် တစ်မြို့လုံးနီးပါးပျက်စီးခဲ့သည့် မန္တလေး အမရပူရမြို့နယ်မှာ သောက်သုံးရေနှင့်စားစရာပြတ်လပ်နေကြောင်း ဒေသခံများထံကသိရသည်။ငလျင်ဒဏ်ခံခဲ့ရသည့် မန္တလေးခ...

ငလျင်ဒဏ်ကြောင့် တစ်မြို့လုံးနီးပါးပျက်စီးခဲ့သည့် မန္တလေး အမရပူရမြို့နယ်မှာ သောက်သုံးရေနှင့်စားစရာပြတ်လပ်နေကြောင်း ဒေသခံများထံကသိရသည်။ငလျင်ဒဏ်ခံခဲ့ရသည့် မန္တလေးခုနစ်မြို့နယ်ထဲ အမရပူရမြို့နယ်သည် ပျက်စီးထိခိုက်မှုအများဆုံးစာရင်းထဲပါဝင်ပြီး၊ ပျက်စီးဆုံးရှုံးခဲ့ရသမျှ ရှေးဟောင်းအိမ်အိုအိမ်ဟောင်းများချည်းဖြစ်ကြောင်းသိရသည်။အတည်မပြုနိုင်သေးသည့်သတင်းများအရ သေဆုံးသူအရေအတွက်ငါးဆယ်ထက်မနည်းရှိနေပြီး၊ ကပ်ရောဂါနောက်ဆက်တွဲရောဂါကူးစက်မှုတို့လည်းဖြစ်ပေါ်နေကြောင်း သိရသည်။



news-view-count-icon

24