ဂျပန်နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့ဟာ ဧပြီလ ၂ ရက်နေ့က လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းတွေ၊ ဆေးဝါးတွေနဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာခဲ့ကြတယ်လို့ သိရပါတယ်။ဂျပန်နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအဖွဲ့ဟာ ဆေးကုသရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးဖို့ အတွက် ကယ်ဆယ်ရေးအဖွဲ့ဝင် ၃၂ ဦးပါဝင်တဲ့ JICA အဖွဲ့ကို မြန်မာနိုင်ငံကို စေလွှတ်ခဲ့ပြီး အဲ့ဒီအဖွဲ့နှင့်အတူ ဆေးဝါးတွေ၊ လူသုံးကုန်ပစ္စည်းတွေနဲ့ ဆေးရုံသုံးပစ္စည်းတွေလည်း ပါတယ်လို့ ဆိုပါတယ်။



