အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်းတောင် ရိုးနဲ့ မင်းဝံတောင်ရိုးရှိ ဘုန်းကြီးကျောင်းနဲ့ သီ လရှင်ကျောင်းပေါင်း၂,၀၀၀ ကျော် လုံးဝပျက်စီးခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာဗုဒ္ဓ ဘာသာပညာရေးစင်တာ (IBEC)က ထုတ်ပြန်ပါတယ်။ ဒီပျက်စီးမှုတွေဟာ ဗုဒ္ဓဘာသာအတွက် ကြီး မားသောဆုံးရှုံးမှုတွေဖြစ်ပြီး နိုင်ငံကျော် ပရိယတ္တိစာသင်တိုက်ကြီးတွေ ပြိုလဲမှုအတွက် များစွာစိတ်မကောင်းဖြစ်ရပြီး ကူညီကယ် ဆယ်မှုတွေ အရေးပေါ်လိုအပ်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)ဆရာတော်က မိန့်ကြားပါတယ်။ ဒါပေမယ့် စစ်ကိုင်းကို လာရောက်နိုင်တဲ့ ကူ ညီကယ်ဆယ်ရေးအဖွဲ့တွေနည်းပါးနေသလို ရေသန့်နဲ့ အစားအသောက်တွေ ၀ယ်မရတာကြောင့်လည်း အလှူရှင်တွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။



