back

သာသနာ့နယ်မြေဖြစ်တဲ့ စစ်ကိုင်းမြို့နယ်ရှိ ဘုန်းကြီးကျောင်းတွေနဲ့ သီလရှင်ကျောင်းတွေကို ကျပ်သိန်း ၈၀၀၀၊ ဆေးကုသမှုခံနေတဲ့လူနာအယောက် ၁၀၀ ကို ကျပ်သိန်း ၂၀၀၀ လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

Apr 02 • 3:19 PM

breaking-news

မြန်မာ

စစ်ကိုင်း

cover

သာသနာ့နယ်မြေဖြစ်တဲ့ စစ်ကိုင်းမြို့နယ်ရှိ ဘုန်းကြီးကျောင်းတွေနဲ့ သီလရှင်ကျောင်းတွေကို ကျပ်သိန်း ၈၀၀၀၊ ဆေးကုသမှုခံနေတဲ့လူနာအယောက် ၁၀၀ ကို ကျပ်သိန်း ၂၀၀၀ လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

စစ်ကိုင်းမြို့နယ်ရှိ မြေငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ကြတဲ့ ဘုန်းကြီးကျောင်းနဲ့ သီလရှင်တို့ ကျောင်းပေါင်း ၅၀ အတွက် သွပ်ချပ်ပေါင်း ၁၀,၀၀၀ ရဲ့ တန်ဖိုးငွေ ကျပ...

စစ်ကိုင်းမြို့နယ်ရှိ မြေငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ကြတဲ့ ဘုန်းကြီးကျောင်းနဲ့ သီလရှင်တို့ ကျောင်းပေါင်း ၅၀ အတွက် သွပ်ချပ်ပေါင်း ၁၀,၀၀၀ ရဲ့ တန်ဖိုးငွေ ကျပ် သိန်း ၃,၀၀၀ နဲ့ ငွေသားကျပ်သိန်း ကျပ် ၅,၀၀၀ စုစုပေါင်း ကျပ်သိန်း ၈,၀၀၀ ကို ဧပြီလ ၁ရက်နေ့ ညနေပိုင်းက ရေစက်သွန်းချပြီး လှူဒါန်းခဲ့ပါတယ်။ စစ်ကိုင်းဆေးရုံကြီးမှာ ဆေးကုသခံယူနေသူတွေ လူနာ အယောက် ၁၀၀ ကို ကျပ်သိန်း ၂၀ နှုန်းနဲ့ စုစုပေါင်းသိန်း ၂,၀၀၀ လှူဒါန်းခဲ့ပြီးတော့ နေ့လည်စာထမင်းဘူး ၅,၀၀၀ ကျော်စာတို့ကိုလည်း လှူဒါန်းခဲ့ပါတယ်။ 



news-view-count-icon

19