back

ထိုင်းစစ်တပ်၏ ဆေးအဖွဲ့ နေပြည်တော် လယ်ဝေးတွင် တစ်ရက်အတွင်း လူနာ (၁၀၀)ကျော်ကို ကျန်းမာရေး စစ်ဆေး ကုသ

Apr 02 • 3:16 PM

breaking-news

မြန်မာ

နေပြည်တော်

cover

ထိုင်းစစ်တပ်၏ ဆေးအဖွဲ့ နေပြည်တော် လယ်ဝေးတွင် တစ်ရက်အတွင်း လူနာ (၁၀၀)ကျော်ကို ကျန်းမာရေး စစ်ဆေး ကုသ

မြန်မာ့ငလျင်ဘေး ကူညီရေးရောက်ရှိနေသည့် ထိုင်းကယ်ဆယ်ရေးအဖွဲ့မှ ဆေးအဖွဲ့သည် ၂၀၂၅ ခုနှစ် ဧပြီလ (၂)ရက်နေ့ တစ်နေ့တာအတွင်း နေပြည်တော် လယ်ဝေး၌ လူနာ (၁၀၀)ကျော် စစ်ဆေးကုသ...

မြန်မာ့ငလျင်ဘေး ကူညီရေးရောက်ရှိနေသည့် ထိုင်းကယ်ဆယ်ရေးအဖွဲ့မှ ဆေးအဖွဲ့သည် ၂၀၂၅ ခုနှစ် ဧပြီလ (၂)ရက်နေ့ တစ်နေ့တာအတွင်း နေပြည်တော် လယ်ဝေး၌ လူနာ (၁၀၀)ကျော် စစ်ဆေးကုသပေးထားကြောင်း သိရသည်။ထိုင်းကယ်ဆယ်ရေးအဖွဲ့သည် နေပြည်တော် လယ်ဝေးမြို့ရှိ မြို့သစ်ဓမ္မာရုံတွင် ယာယီကုသခန်းဖွင့်လှစ်ကာ နံနက် (၁၀)နာရီခွဲမှ ညနေ (၃)နာရီအထိ ကုသမှုပေးခဲ့ရာ လူနာစုစုပေါင်း (၁၀၇)ဦးအား စစ်ဆေးကုသပေးခဲ့ပြီး ယင်းတို့အနက် လူနာ (၂)ဦးကို ဆက်လက်ကုသရန် မြန်မာဆေးအဖွဲ့သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။အလားတူ လာအိုနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့မှ ဆေးတပ်ဖွဲ့ကိုလည်းမန္တလေး ကျောက်ဆည်ပြည်သူ့ဆေးရုံတွင် တာဝန်ချထားပေးကြောင်း သိရသည်။



news-view-count-icon

15