ငလျင်လှုပ်ခတ်မှုကြာင့် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ ရဲနွယ်ဆည်သို့ သစ်ခုတ်ဝါးခုတ်နှင့် ငါးရှာထွက်လာသည့် အမျိုးသားရှစ်ဦး သေဆုံးသွားရာ ရုပ်အလောင်းတစ်လောင်းသာ ပြန်လည်ရရှိခဲ့ကြောင်းသိရသည်။အလားတူ ကျောက်တံခါးမြို့၊ စာတိုက်ရပ်ကွက်၊ အသောကာရုံတောရကျောင်းတိုက်မှ စာဖြေသံဃားတစ်ပါး ပျံလွန်တော်မူ၍ ဖဒိုမြို့နေအိမ်ပြိုကျမှုတွင် လူတစ်ဦးသေဆုံးကာ ပဲနွယ်ကုန်းရုပ်ရှင်ရုံဟောင်းပြိုကျမှုတွင်လည်း လူတစ်ဦးသေဆုံးခဲ့ခြင်းကြောင့် စုစုပေါင်း ငလျင်ဒဏ်ကြောင့် ၁၁ ဦးသေဆုံးကြောင်း သိရသည်။



