ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော မန္တလေးတိုင်း မစိုးရိမ်တိုက်သစ်တွင် ယနေ့(ဧပြီ ၂) မွန်းတည့် ၁၂ နာရီခွဲအထိ ရဟန်းအလောင်း ၇ လောင်းကို ထပ်မံသယ်ထုတ်နိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်နေသူများထံမှ သိရသည်။ရုပ်အလောင်းများမှာ ပြိုကျသည့်အလွှာများ အထပ်ထပ်ဖိထားသဖြင့် အလွှာတစ်လွှာခြင်းဖောက်၍ ခက်ခက်ခဲခဲ သယ်ထုတ်ယူခဲ့ကြရကြောင်း ကယ်ဆယ်ရေးတွင်ပါဝင်ဆောင်ရွက်နေသူ တစ်ဦးကပြောသည်။ကယ်ဆယ်ရေး ပူး ပေါင်းအဖွဲ့များသည် ဧပြီလ ၂ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်မှစ၍ နာရီဝက်အတွင်း ငလျင်တစ်ခု လှုပ်နိုင်ဖွယ်ရှိကြောင်း ပညာရှင်များ၏ သတိပေးချက်ကြောင့် မန္တလေးမြို့ရှိ ကယ်ဆယ်ရေးလုပ်ငန်းအချို့ကို ခတ္တာရပ်နားထားပြီး မကြာခင်ပြန်လည်စတင်မည်ဟု ကယ်ဆယ်ရေးလုပ်ဆောင်သူများ၏ ပြောကြားချက်အရသိရသည်။



