မန္တလေးတိုင်း တံတားဦးခရိုင်ဟာ အင်းဝခေတ်ရှေးဟောင်းနယ်မြေဖြစ်ပြီး ရှေးဟောင်းဗလီများ၊ ရှေးဟောင်းဘုရားများတည်ရှိရာနယ်မြေဖြစ်ကြောင်း ဒေသခံပြည်သူများကပြောပါတယ်။" ကျနော့်သားနှစ်ယောက် ပလီတက်နေတုန်း အလ္လာရှင်မြတ်ရဲ့အမိန့်တော်ကို ခံယူလိုက်ရပါတယ်၊ အဲဒီပလီက ရှေးဟောင်းအမွေအနှစ်စ်ပါ နှစ်တစ်ရာကျော်သက်တမ်းဆိုတော့ စိတ်မချရတော့လို့ အဆောက်အဦးပြင်ဆင်ခွင့် အကြိမ်ကြိမ်လျှောက်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုမိန့်မရခဲ့ဘူး အခုတော့ ၂၈ ယောက် သေဆုံးပြီး အပြင်းအထန်ဒဏ်ရာရသူတွေလည်း အများကြီးရှိတယ် တဘက်ဆွဲရွာတို့ နီပတန်း အိမ်သစ်တန်းတို့ စုံကုန်းတို့ ဘလဲဘတို့ အကုန်ပေါင်းပြောရရင်တော့ အနည်းလေး ၁၀၀ ကျော်ရှိမယ် လိုအပ်နေတာကတော့ ရေပဲ ပြီးတော့ စက်သုံးဆီ ရေစက်မီးစက်ရှိတဲ့အိမ်တွေ သူတို့က ရေလှူပေးချင်ပေမယ့် ဆီကဝယ်မရဘူး ရေတွင်းတွေကလည်း မြေအောက်ရေပျက်စီးသွားပြီ မြစ်တွေရှိပေမယ့် ကမ်းပါးကစိုက်ခင်းတွေ မြစ်ထဲရောက်ပြီး ကောကုန်တာများတယ် တံတားတွေလည်းပျက်တဲ့နေရာတွေရှိတယ်"လို့ သားနှစ်ယောက်ဆုံးရှံ့းလိုက်ရတဲ့ ဖခင်တစ်ဦးက ပြောပါတယ်။



