back

ငလျင်ဒဏ်သင့် ဒေသများရှိ အဆောက်အအုံများ၏အခြေအနေကို စစ်ဆေးစိစစ်မှုများ အမြန်ဆုံးဆောင်ရွက်မည်

Apr 02 • 11:37 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ငလျင်ဒဏ်သင့် ဒေသများရှိ အဆောက်အအုံများ၏အခြေအနေကို စစ်ဆေးစိစစ်မှုများ အမြန်ဆုံးဆောင်ရွက်မည်

ငလျင်ဒဏ်သင့်ဒေသများရှိ အဆောက်အအုံများ၏အခြေအနေကို စစ်ဆေးစိစစ်မှုများ အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နှင့် မြန်မာနိုင်ငံ ...

ငလျင်ဒဏ်သင့်ဒေသများရှိ အဆောက်အအုံများ၏အခြေအနေကို စစ်ဆေးစိစစ်မှုများ အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နှင့် မြန်မာနိုင်ငံ ငလျင်ကော်မတီတို့က ထုတ်ပြန်ထားသည်။ငလျင်ဒဏ်သင့်မြို့များအနက် အရေး ကြီးသည့်မြို့အလိုက် ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် လုံခြုံရေးအရ သွားလာရေးအဆင်ပြေသည့်နေရာများကို ဦးစားပေး ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် အနေဖြင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင် စီနှင့်ပူးပေါင်း၍ ငလျင်ဒဏ်ခံစားခဲ့ရသော အဆောက်အအုံများ၏ အခြေအနေကို စနစ် တကျစစ်ဆေးစိစစ်မှုများ အမြန်ဆုံးဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။နေပြည်တော်၊ ရန်ကုန်မြို့၊မန္တလေး မြို့နှင့် အခြားမြို့ကြီးများရှိ စိတ်ပါဝင်စား သူ လုပ်အားပေးလိုသည့် အင်ဂျင်နီယာများအား ကူညီဆောင်ရွက်ပေးနိုင်ရန် ဖိတ်ခေါ်ထား သည်။ 



news-view-count-icon

17