အင်းဝတံတား(စစ်ကိုင်း)ရေလမ်းကို မတ်လ(၃၀)ရက်ကနေစတင်ပြီး အစုန်၊အဆန် ယာယီရေလမ်းအဖြစ် ရေလယ်တိုင် အမှတ်(၅)နဲ့(၆)အကြား သတ်မှတ်ပေးထားတယ်လို့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကနေ သိရပါတယ်၊၊ပြောင်းလဲလိုက်တဲ့ ယာယီရေလမ်းရဲ့ ကင်းလွတ်အကျယ်က ပေ ၃၅၀ ရှိပြီး ကင်းလွတ်အမြင့်က အမြင့်ဆုံး ရေမျက်နှာပြင်အထက် ပေ ၄၀ ရှိပါတယ်။ ရေလယ်တိုင် အမှတ်(၅)ရဲ့ ထိပ်ပိုင်းမှာ ကွဲအက်တာတွေ ဖြစ်ပေါ်နေတဲ့ အတွက် ရေယာဉ်တွေအနေနဲ့ သတိထားပြီး တံတားရေလမ်းကို ဖြတ်သန်းကြဖို့ လိုအပ်တယ်လို့လည်း အသိပေးထားပါတယ်။တံတားရေလမ်းကို ဖြတ်သန်းကြမယ့် ရေယာဉ်တွေဟာ ရေလယ်တိုင်(၂)ခုအကြားကနေ ယှဉ်ပြိုင် ခုတ်မောင်း တာတွေ မပြုလုပ်ဖို့နဲ့ တွဲတွန်းရေယာဉ်တွေအနေနဲ့လည်း တစ်တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်းကြဖို့အပြင် အစုန်ဦးစားပေးပြီး ဝင်ပေါက်ကို ချဉ်းကပ်ရာမှာ လုံလောက်တဲ့ အကွာအဝေးကနေ ချဉ်းကပ်လမ်းကြောင်းမှန်နဲ့ ထိန်းသိမ်းခုတ်မောင်းကြဖို့ကိုလည်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရေလမ်းသတိပေး ထုတ်ပြန်ထားပါတယ်။



