back

စစ်ကိုင်းမြို့နယ် မင်းကွန်းတောင်ရိုးမှာ ငလျင်ကြောင့် ထိခိုက်သေဆုံးမှုများပြီး ၆ ရက်ကြာတဲ့အထိ ကယ်ဆယ်ရေးတွေ မရောက်သေး

Apr 02 • 11:53 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းမြို့နယ် မင်းကွန်းတောင်ရိုးမှာ ငလျင်ကြောင့် ထိခိုက်သေဆုံးမှုများပြီး ၆ ရက်ကြာတဲ့အထိ ကယ်ဆယ်ရေးတွေ မရောက်သေး

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် မင်းကွန်းတောင်ရိုးမှာ ငလျင်ကြောင့် ထိခိုက်သေဆုံးမှုများပြီး ၆ ရက်ကြာတဲ့အထိ ကယ်ဆယ်ရေးတွေ မရောက်သေးဘူးလို့ မင်းကွန်းတောင်ရိုးရှိ...

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် မင်းကွန်းတောင်ရိုးမှာ ငလျင်ကြောင့် ထိခိုက်သေဆုံးမှုများပြီး ၆ ရက်ကြာတဲ့အထိ ကယ်ဆယ်ရေးတွေ မရောက်သေးဘူးလို့ မင်းကွန်းတောင်ရိုးရှိ ဘုန်းကြီးတစ်ပါးထံမှ သိရပါသည်။ငလျင်လှုပ်ခတ်မှုကြောင့် မင်းကွန်းတောင်ရိုးရှိ ဘုန်ကြီးကျောင်းအပါအဝင် နေအိမ်အများအပြား ပျက်စီးပြီး ၆ ရက်ကြာတဲ့အထိ အဆောက်အဦးကြား ပိမိနေသူတွေကို ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးတွေ လုပ်နေရတယ်လို့ ဆိုပါတယ်။ငလျင်လှုပ်ခတ်မှုဖြစ်ပြီးနောက် ၆ ရက်ထဲဝင်လာတဲ့ ဒီနေ့ ဧပြီ ၂ ရက်အထိ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေပြီး တချို့ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။




news-view-count-icon

16