မနေ့ည (မတ်လ ၂၄ ရက်) ၁၁:၅၅ နာရီခန့်တွင် ကော့မှူးမြို့နယ်၊ ကျိုက်ထော်ကျေးရွာတွင် မဂ္ဂနီကျု ၄.၂ အဆင့်မြေငလျင် တစ်ခု လှုပ်ရှားခဲ့သည်။ဒေသခံများအနေနှင့် အိပ်နေစဉ် လှုပ်ခါမှုကြောင့် နိုးကြားလာကာ အိမ်အောက်သို့ ပြေးဆင်းခဲ့ကြပြီး လမ်းပေါ်တွင် လူများစုဝေးနေသည်ကို တွေ့ရသည်။ “အိမ်ပါပြိုမယ်ထင်လောက်အောင် တွေးမိတယ်၊ လေးငါးစက္ကန့်ကြာပြီးရင်တော့ တဖြည်းဖြည်းတိတ်သွားတာ” ဟု ဒေသခံတစ်ဦးဖြစ်သည့် ညန်းညန်းက ဖော်ပြသည်။လက်ရှိအခြေအနေအရ ထိခိုက်မှုများ မတွေ့ရှိသေးပါဘဲ အာဏာပိုင်များမှ ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
Mar 25 • 8:59 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 31 | 0 | 0 | 0 |


