အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ထားရသည့် တည်ဆောက်ဆဲစီမံကိန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိဟုဆို ပါတယ်။ မတ်လ ၂၅ ရက်ကြေငြာချက်အရလျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စီမံကိန်းများသည် အချိန်တိုအတွင်း ဆောင်ရွက်၍မရဘဲ အချိန်ယူတည်ဆောက်ရသည့်လုပ်ငန်းများဖြစ်ခြင်းကြောင့် မိမိတို့နိုင်ငံအတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရေး စီမံကိန်းများရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။



