ဧရာဝတီတိုင်းဒေသကြီးတွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် လမ်းပေါ်သို့ ရေကျော်ကာ ဇူလိုင် ၁၃ ရက်က ခေတ္တပိတ်ထားခဲ့ရသည့် ပုသိမ်-ရှောပြာ-ချောင်းသာ ကားလမ်းမကြီးကို ရေများပြန်လည်ကျဆင်းသွားသဖြင့် ယင်းနေ့ ည ၁၁ နာရီခန့်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ လက်ရှိတွင် ရေဘေးအခြေအနေ လျော့ပါးသွားပြီး လမ်းပိုင်းပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်များ ဘေးကင်းစွာ ပြန်လည်ဖြတ်သန်းအသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
လမ်းရေကျော်မှုကြောင့် ခေတ္တပိတ်ထားခဲ့သည့် ပုသိမ်-ရှောပြာ-ချောင်းသာ ကားလမ်း ရေပြန်ကျသွားသဖြင့် ပြန်လည်ဖြတ်သန်းသွားလာနိုင်ပြီ
Jul 14 • 8:44 AM
Myanmar
Ayeyarwady
Share
| 18 | 0 | 0 | 0 |


