back

ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီ စန္ဒကူးမြိုင်ရိပ်သာကျောင်းတိုက်ဆရာတော်ကို သတ်ဖြတ်ပြီး ဖုန်းနှင့်ငွေများ ယူဆောင်သွားသူ ၅ ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

Jul 14 • 8:44 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီ စန္ဒကူးမြိုင်ရိပ်သာကျောင်းတိုက်ဆရာတော်ကို သတ်ဖြတ်ပြီး ဖုန်းနှင့်ငွေများ ယူဆောင်သွားသူ ၅ ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ (၂) ရပ်ကွက်ရှိ စန္ဒကူးမြိုင်ရိပ်သာကျောင်းတိုက်တွင် သီတင်းသုံးနေတော်မူသည့် ဆရာတော် ဥူးပညာဝံသ (ခ) ဒေါက်တာဖေဉာဏ် (သက်တော် ၇၅...

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ (၂) ရပ်ကွက်ရှိ စန္ဒကူးမြိုင်ရိပ်သာကျောင်းတိုက်တွင် သီတင်းသုံးနေတော်မူသည့် ဆရာတော် ဥူးပညာဝံသ (ခ) ဒေါက်တာဖေဉာဏ် (သက်တော် ၇၅ နှစ်၊ ဝါတော် ၁၅ ဝါ) အား ကျောင်းဆောင်အတွင်း၌ ဓားဒဏ်ရာများဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ကာ ဖုန်း ၂ လုံးနှင့် ငွေကျပ် ၅ သိန်းတို့ကို လုယက်ယူဆောင်သွားခဲ့သူ တရားခံ ၅ ဦးအား ဇူလိုင် ၁၁ ရက်တွင် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဆရာတော်သည် ဇူလိုင် ၂ ရက် နေ့လယ်ပိုင်းက ငွေကြေးလိုအပ်ချက်ကြောင့် လုယက်လိုသူ အဆိုပါအဖွဲ့၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်ပြီး၊ လက်ရှိတွင် ပြစ်မှုကျူးလွန်သူများကို သက်ဆိုင်ရာက ဖမ်းဆီးရမိကာ ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

17