ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် ယာဉ်မောင်းလိုင်စင် ဝန်ဆောင်မှုလုပ်ငန်းများကို အွန်လိုင်းစနစ်ဖြင့် သက်တမ်းတိုးခြင်းနှင့် ကျသင့်ငွေများကို Digital Payment စနစ်ဖြင့် ပေးချေခြင်းလုပ်ငန်းများကို လာမည့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက် (သောကြာနေ့) မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။ အဆိုပါစနစ်အရ “ခ”၊ “ဂ”၊ “ဃ”၊ “င” ယာဉ်မောင်းလိုင်စင် ပိုင်ရှင်များအနေဖြင့် မိမိတို့လိုင်စင် သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၉၀ အတွင်း ကြိုတင်၍ အွန်လိုင်းစနစ်ဖြင့် သက်တမ်းတိုးနိုင်မည်ဖြစ်ပြီး၊ ဝန်ဆောင်မှုကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သတ်မှတ်ရုံးများတွင် စတင်လုပ်ဆောင်ပေးမည်ဖြစ်သည်။ ဝန်ဆောင်မှုရယူလိုသူများအနေဖြင့် "MM Driver License E-Payment Mobile Application" ကို Google Play Store မှတစ်ဆင့် ဒေါင်းလုဒ်ရယူ၍ လျှောက်ထားနိုင်ကာ အသေးစိတ်အချက်အလက်များကို ဌာန၏ တရားဝင်ဝက်ဘ်ဆိုက်များတွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
ယာဉ်မောင်းလိုင်စင် အွန်လိုင်းမှ သက်တမ်းတိုးခြင်းနှင့် Digital Payment စနစ်ကို ဇူလိုင် ၁၇ ရက်တွင် စတင်မည်
Jul 14 • 8:46 AM
Myanmar
Local
Share
| 36 | 0 | 0 | 0 |


