back

လောင်းကစားဂိမ်း ကြော်ငြာ SMS များ ပေးပို့သည့် သံသယဖြစ်ဖွယ် ဖုန်းနံပါတ်ပေါင်း ၃၉၀,၉၇၈ ခုကို ပိတ်သိမ်းအရေးယူ

Jul 14 • 8:42 AM

breaking-news

Myanmar

Local

cover

လောင်းကစားဂိမ်း ကြော်ငြာ SMS များ ပေးပို့သည့် သံသယဖြစ်ဖွယ် ဖုန်းနံပါတ်ပေါင်း ၃၉၀,၉၇၈ ခုကို ပိတ်သိမ်းအရေးယူ

တရားဝင်ခွင့်ပြုထားသည့် ဆက်သွယ်ရေးအော်ပရေတာများ၏ ကွန်ရက်များကို အသုံးပြုကာ လောင်းကစားဂိမ်းများ ကြော်ငြာခြင်းနှင့် ဖိတ်ခေါ်ခြင်းဆိုင်ရာ SMS စာတိုများ ပေးပို့နေသည့...

တရားဝင်ခွင့်ပြုထားသည့် ဆက်သွယ်ရေးအော်ပရေတာများ၏ ကွန်ရက်များကို အသုံးပြုကာ လောင်းကစားဂိမ်းများ ကြော်ငြာခြင်းနှင့် ဖိတ်ခေါ်ခြင်းဆိုင်ရာ SMS စာတိုများ ပေးပို့နေသည့် သံသယဖြစ်ဖွယ် ဖုန်းနံပါတ်ပေါင်း ၃၉၀,၉၇၈ ခုကို ပိတ်သိမ်းအရေးယူခဲ့ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ပြည်ထောင်စုအစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့၏ မေးမြန်းချက်အပေါ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ပြန်လည်ဖြေကြားရာတွင် ယခုကဲ့သို့ ဖုန်းနံပါတ်အမျိုးမျိုးဖြင့် SMS ပေးပို့ကာ လိမ်လည်လောင်းကစားမှုများ ပြုလုပ်နေခြင်းကို စနစ်တကျ စောင့်ကြည့်ထိန်းချုပ်၍ ထိရောက်စွာ ဆက်လက်တားဆီး အရေးယူဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

news-view-count-icon

22