back

ဂျပန်ထိပ်တန်း mangaများ အိန္ဒိယစျေးကွက်သို့ တရားဝင် ခြေဆန့်ပြီး စာအုပ်များ စတင်ရိုက်နှိပ်ထုတ်ဝေမည်ဖြစ်

Jul 14 • 3:54 AM

breaking-news

Japan

Local News

cover

ဂျပန်ထိပ်တန်း mangaများ အိန္ဒိယစျေးကွက်သို့ တရားဝင် ခြေဆန့်ပြီး စာအုပ်များ စတင်ရိုက်နှိပ်ထုတ်ဝေမည်ဖြစ်

"Attack on Titan" နှင့် "Blue Lock" ကဲ့သို့ ကမ္ဘာကျော် မန်ဂါ (Manga) ဇာတ်လမ်းတွဲများကို ထုတ်ဝေနေသည့် ဂျပန်အခြေစိုက် Kodansha ကုမ္ပဏီသည် လူဦးရေ ၁.၄ ဘီလီယံရှိသော ...

"Attack on Titan" နှင့် "Blue Lock" ကဲ့သို့ ကမ္ဘာကျော် မန်ဂါ (Manga) ဇာတ်လမ်းတွဲများကို ထုတ်ဝေနေသည့် ဂျပန်အခြေစိုက် Kodansha ကုမ္ပဏီသည် လူဦးရေ ၁.၄ ဘီလီယံရှိသော အိန္ဒိယစျေးကွက်သို့ တရားဝင် ဝင်ရောက်တော့မည် ဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါနောက်ပိုင်း အိန္ဒိယနိုင်ငံတွင် ဂျပန်အန်နီမေးရှင်းနှင့် မန်ဂါစာအုပ်များ အလွန်ရေပန်းစားလာခဲ့သော်လည်း လက်ရှိအချိန်အထိ အမေရိကန်နိုင်ငံမှတစ်ဆင့် တင်သွင်းနေရသဖြင့် စာအုပ်စျေးနှုန်းများ အလွန်ကြီးမြင့်ကာ ဝယ်ယူရန် ခဲယဉ်းနေခဲ့သည်။အဆိုပါပြဿနာကို ဖြေရှင်းရန် Kodansha သည် ဂျပန်ပုံနှိပ်လုပ်ငန်း Dai Nippon Printing (DNP)၊ အိန္ဒိယ-ဂျပန် စီးပွားရေးလုပ်ငန်းစု IJ Kakehashi တို့နှင့် ပူးပေါင်းကာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် "Kodansha India Private Limited" အမည်ရှိ ဖက်စပ်ကုမ္ပဏီတစ်ခုကို အရင်းအနှီး ရူပီး ၉၅ သန်းဖြင့် ယခု ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း စတင်တည်ထောင်သွားမည်ဖြစ်သည်။ အဆိုပါ လုပ်ငန်းတွင် Kodansha က ရှယ်ယာ ၈၁ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်မည်ဖြစ်သည်။ယခု ဆောင်ရွက်မှုသည် ဂျပန်အထွေထွေပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းကြီးတစ်ခုအနေဖြင့် အိန္ဒိယနိုင်ငံ၌ ပထမဆုံးအကြိမ် ဒေသတွင်းရုံးခွဲဖွင့်လှစ်ကာ စာအုပ်များကို ကိုယ်တိုင်ရိုက်နှိပ်ထုတ်ဝေခြင်းဖြစ်သည်။ လာမည့် ဆောင်းဦးရာသီတွင် လုပ်ငန်းများ စတင်လည်ပတ်မည်ဖြစ်ပြီး အင်္ဂလိပ်ဘာသာအပြင် ဟိန္ဒီ (Hindi) ဘာသာစကားဖြင့်ပါ တစ်နှစ်လျှင် မန်ဂါခေါင်းစဉ်ပေါင်း ၂၀၀ ခန့်ကို စျေးနှုန်းသက်သာစွာဖြင့် ပြည်တွင်း၌ပင် ရိုက်နှိပ်ဖြန့်ချိသွားရန် စီစဉ်ထားကြောင်း သိရသည်။

news-view-count-icon

7