back

ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ရှိ စန္ဒကူးမြိုင်ရိပ်သာကျောင်းတိုက်ဆရာတော်ကို သတ်ဖြတ်၍ ပစ္စည်းလုယက်ခဲ့သူ ၅ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

Jul 14 • 2:22 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ရှိ စန္ဒကူးမြိုင်ရိပ်သာကျောင်းတိုက်ဆရာတော်ကို သတ်ဖြတ်၍ ပစ္စည်းလုယက်ခဲ့သူ ၅ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ (၂) ရပ်ကွက်ရှိ စန္ဒကူးမြိုင်ရိပ်သာကျောင်းတိုက် ဆရာတော် ဦးပညာဝံသ(ခ)ဒေါက်တာဖေဉာဏ် (သက်တော် ၇၅ နှစ်၊ ဝါတော် ၁၅ ဝါ) အား ဓားဒဏ...

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ (၂) ရပ်ကွက်ရှိ စန္ဒကူးမြိုင်ရိပ်သာကျောင်းတိုက် ဆရာတော် ဦးပညာဝံသ(ခ)ဒေါက်တာဖေဉာဏ် (သက်တော် ၇၅ နှစ်၊ ဝါတော် ၁၅ ဝါ) အား ဓားဒဏ်ရာများဖြင့် ရက်စက်စွာ သတ်ဖြတ်ပြီး လက်ကိုင်ဖုန်း ၂ လုံးနှင့် ငွေကျပ် ၅ သိန်း လုယက်ယူဆောင်သွားသူ ၅ ဦးကို ရဲတပ်ဖွဲ့က သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆရာတော်သည် ဇူလိုင်လ ၂ ရက်နေ့ မွန်းလွဲပိုင်းက ကျောင်းဆောင်အတွင်း ဓားဒဏ်ရာများဖြင့် ပျံလွန်တော်မူနေသည်ကို တွေ့ရှိခဲ့ရပြီး ဖုန်းများ ပျောက်ဆုံးနေသဖြင့် မှော်ဘီမြို့မရဲစခန်းတွင် အမှုဖွင့်ကာ အထူးအမှုစစ်အဖွဲ့ဖြင့် စုံစမ်းဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နယ်မြေစိစစ်စုံစမ်းမှုများအရ ဇူလိုင်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြစ်မှုကျူးလွန်ရာ၌ ပါဝင်သူ မှော်ဘီမြို့နယ်၊ ကုလားကြီးကုန်းကျေးရွာနေ သက်ပိုင်ထွန်း(ခ)ပိုင်လေး (၂၀ နှစ်) အား ၎င်း၏နေအိမ်၌ စတင်ဖမ်းဆီးရမိခဲ့ပြီး ကျန်ရှိသည့် ကြံရာပါတရားခံများကိုပါ သက်သေခံပစ္စည်းများနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

news-view-count-icon

22