back

ဗီယက်နမ်နိုင်ငံတွင် PepsiCo ကုမ္ပဏီက စက်ရုံသစ်တစ်ခု ထပ်မံဖွင့်လှစ်

Jul 14 • 2:20 AM

breaking-news

Vietnam

Local News

cover

ဗီယက်နမ်နိုင်ငံတွင် PepsiCo ကုမ္ပဏီက စက်ရုံသစ်တစ်ခု ထပ်မံဖွင့်လှစ်

PepsiCo International Beverages ၏ စီးအီးအို Eugene Willemsen က ဗီယက်နမ်နိုင်ငံသည် ၎င်းတို့အတွက် မဟာဗျူဟာမြောက် စျေးကွက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပြီး နိုင်ငံတ...

PepsiCo International Beverages ၏ စီးအီးအို Eugene Willemsen က ဗီယက်နမ်နိုင်ငံသည် ၎င်းတို့အတွက် မဟာဗျူဟာမြောက် စျေးကွက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပြီး နိုင်ငံတောင်ပိုင်း တေနင်း (Tay Ninh) ပြည်နယ်၌ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် တန်ဖိုးရှိသည့် ၆ ခုမြောက် စက်ရုံသစ်ကို ဖွင့်လှစ်ကာ ရေရှည်ရင်းနှီးမြှုပ်နှံသွားမည့် အစီအစဉ်ကို အတည်ပြုခဲ့သည်။

ယခုဖွင့်လှစ်လိုက်သည့် တေနင်းစက်ရုံသည် အာရှဒေသတွင်းရှိ Suntory PepsiCo ကွန်ရက်တစ်ခုလုံးတွင် လုပ်ငန်းပမာဏအကြီးမားဆုံးနှင့် နည်းပညာအမြင့်မားဆုံး စက်ရုံများထဲမှ တစ်ခုဖြစ်ပြီး တစ်နှစ်လျှင် အဖျော်ယမကာ လီတာပေါင်း ၁.၂ ဘီလီယံကျော် ထုတ်လုပ်နိုင်မည့် စွမ်းပကားရှိသည်။

အဆိုပါစက်ရုံသစ်ကို အဆင့်မြင့် အလိုအလျောက်မောင်းနှင်စနစ် (Full Automation) များဖြင့် တည်ဆောက်ထားသည့်အပြင် လျှပ်စစ်နှင့် ရေဆိုးပြန်လည်အသုံးပြုမှုစနစ်များပါဝင်သော ကမ္ဘာ့အဆင့်မီ စိမ်းလန်းစိုပြည်ရေးစံနှုန်း (LEED Gold) နှင့်အညီ ဒီဇိုင်းထုတ်ထားပြီး ဒေသတွင်း၌ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃,၀၀၀ ကျော် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

6