back

ပြည်တွင်း၌ လောင်းကစားဂိမ်း SMS ပေးပို့သည့် သံသယဖြစ်ဖွယ် ဖုန်းနံပါတ် ၃၉၀,၀၀၀ ကျော်ကို အပြီးတိုင် ပိတ်သိမ်း

Jul 14 • 1:54 AM

breaking-news

Myanmar

Local

cover

ပြည်တွင်း၌ လောင်းကစားဂိမ်း SMS ပေးပို့သည့် သံသယဖြစ်ဖွယ် ဖုန်းနံပါတ် ၃၉၀,၀၀၀ ကျော်ကို အပြီးတိုင် ပိတ်သိမ်း

လောင်းကစားဂိမ်းများနှင့် ပတ်သက်ပြီး ဖုန်းနံပါတ်အမျိုးမျိုးဖြင့် SMS ပေးပို့နေမှုများအပေါ် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက စိစစ်ကာ ဇွန်လ ၃၀ ရက်နေ့အထိ သံသယဖြစ်ဖွယ...

လောင်းကစားဂိမ်းများနှင့် ပတ်သက်ပြီး ဖုန်းနံပါတ်အမျိုးမျိုးဖြင့် SMS ပေးပို့နေမှုများအပေါ် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက စိစစ်ကာ ဇွန်လ ၃၀ ရက်နေ့အထိ သံသယဖြစ်ဖွယ် ဖုန်းနံပါတ်စုစုပေါင်း ၃၉၀,၉၇၈ ခုကို အပြီးတိုင် ပိတ်သိမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ပုံမှန်မဟုတ်သော SMS ပေးပို့မှုများအဖြစ် ဖုန်းနံပါတ်တစ်ခုတည်းမှ တူညီသည့်စာသားများကို တစ်နာရီအတွင်း ဖုန်းနံပါတ် ၆၀ သို့မဟုတ် ၂၄ နာရီအတွင်း ဖုန်းနံပါတ် ၁,၀၀၀ ထံ ဖြန့်ဝေပေးပို့ပါက သက်ဆိုင်ရာမိုဘိုင်းအော်ပရေတာများ၏ စနစ် (System) ရှိ SMS Firewall များမှတစ်ဆင့် အလိုအလျောက်ပိတ်သိမ်းသည့် နည်းလမ်းဖြင့် တားဆီးနေခြင်းဖြစ်သည်။ ပြည်သူများအနေဖြင့်လည်း အနှောင့်အယှက်ပေးနေသည့် လောင်းကစား SMS ဖုန်းနံပါတ်များရှိပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ complaint@ptd.gov.mm သို့ ပေးပို့တိုင်ကြားနိုင်ကြောင်း သိရသည်။

news-view-count-icon

27