menu-icon
logo-icon

Global Reporter

home-icon

Home

breaking_news-icon

Breaking News

hot-icon

Hot

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow Us

Download Application

playstore-iconappstore-icondownload-app-icon

Follow Us

Download Application

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

၂၀၂၆ ကမ္ဘာ့ဖလားတွင် ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆု အများဆုံးရရှိသူအဖြစ် မက်ဆီနှင့် ဘယ်လင်ဂမ်တို့ ဦးဆောင်နေ

Jul 14 • 1:48 AM

breaking-news

Myanmar

International

Share

share-news
cover

၂၀၂၆ ကမ္ဘာ့ဖလားတွင် ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆု အများဆုံးရရှိသူအဖြစ် မက်ဆီနှင့် ဘယ်လင်ဂမ်တို့ ဦးဆောင်နေ

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကွာတားဖိုင်နယ်ပွဲစဉ်များ ပြီးဆုံးချိန်အထိ စုစုပေါင်း ပွဲစဉ် ၁၀၀ ယှဉ်ပြိုင်ကစားပြီးနောက် ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆု (Player ...

cover-photo

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကွာတားဖိုင်နယ်ပွဲစဉ်များ ပြီးဆုံးချိန်အထိ စုစုပေါင်း ပွဲစဉ် ၁၀၀ ယှဉ်ပြိုင်ကစားပြီးနောက် ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆု (Player of the Match) အများဆုံး ရရှိထားသူများအဖြစ် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီနှင့် အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်တို့က ၄ ကြိမ်စီဖြင့် ထိပ်ဆုံးက ဦးဆောင်နေသည်။ ၎င်းတို့၏နောက်တွင် ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေ၊ နော်ဝေတိုက်စစ်မှူး ဟာလန်းနှင့် ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်တို့က ၃ ကြိမ်စီဖြင့် ရပ်တည်နေသည်။မက်ဆီသည် ယခုပြိုင်ပွဲအတွင်း အယ်လ်ဂျီးရီးယား၊ သြစတြီးယား၊ ကိတ်ဗက်၊ အီဂျစ်တို့နှင့် ပွဲစဉ်များတွင် အကောင်းဆုံးကစားသမားဆု ရရှိခဲ့ခြင်းဖြစ်ပြီး၊ ဘယ်လင်ဂမ်ကမူ ဂါနာ၊ ပနားမား၊ မက္ကဆီကို၊ နော်ဝေတို့နှင့် ပွဲစဉ်များတွင် ရရှိခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင် မက်ဆီသည် ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကို စုစုပေါင်း ၁၅ ကြိမ်ဖြင့် အများဆုံးရရှိထားသူအဖြစ် စံချိန်တင်ရပ်တည်နေကာ ကမ္ဘာ့ဖလားပြိုင်ပွဲ ၃ ခုတွင် အဆိုပါဆုကို ၄ ကြိမ်နှင့်အထက် ရယူနိုင်သည့် တစ်ဦးတည်းသော ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ အဆိုပါ ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကို ၂၀၁၀ ပြိုင်ပွဲမှစတင်ကာ ပရိသတ်ဆန္ဒမဲဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဖီဖာဝက်ဘ်ဆိုက်မှတစ်ဆင့် မဲပေးသည့်စနစ်ကိုမူ ၂၀၂၂ ကမ္ဘာ့ဖလားတွင် စတင်ခဲ့ကြောင်း သိရသည်။


news-view-count-icon

17

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

ပြည်တွင်း/ပြည်ပ ကြက်သွန်နီဈေးနှုန်းများ လက်ကျန်လျော့နည်းပြီး အဝင်နည်းလာ၍ ဆက်တိုက် ဈေးမြင့်တက်နေ

ပြည်တွင်း၌ လောင်းကစားဂိမ်း SMS ပေးပို့သည့် သံသယဖြစ်ဖွယ် ဖုန်းနံပါတ် ၃၉၀,၀၀၀ ကျော်ကို အပြီးတိုင် ပိတ်သိမ်း

cover-photo
right-arrow-icon