စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်နီသည် ပြည်တွင်းဈေးကွက်သာမက ပြည်ပပို့ကုန် (FOB) ဈေးနှုန်းများပါ လိုက်ပါမြင့်တက်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ပြည်တွင်းကြက်သွန်နီ လက်ကျန်ပမာဏ လျော့နည်းလာသည့်အပြင် ရန်ကုန်ဈေးကွက်သို့ ကုန်တင်ကားဝင်ရောက်မှု လျော့ကျနေခြင်းကြောင့် ကြက်သွန်နီဈေးနှုန်းမှာ တစ်ပတ်ထက်တစ်ပတ် ပိုမိုမြင့်တက်လာနေခြင်း ဖြစ်သည်။မြန်မာနိုင်ငံတွင် ကြက်သွန်နီကို မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့၌ အဓိကစိုက်ပျိုးရာ လက်ရှိတွင် မကွေးတိုင်း၌ လက်ကျန်ပမာဏ များစွာလျော့နည်းသွားပြီဖြစ်ပြီး မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့တွင်သာ လက်ကျန်အနည်းငယ် ကျန်ရှိတော့သည်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်အတွင်း ကြက်သွန်နီ (ဆိတ်ဖြူ) ရှယ်တစ်ပိဿာလျှင် ကျပ် ၄,၃၀၀ မှ ၄,၈၀၀ သို့လည်းကောင်း၊ မုံရွာရှယ်တစ်ပိဿာလျှင် ကျပ် ၄,၄၀၀ မှ ၅,၀၀၀ အထိလည်းကောင်း ဈေးနှုန်းများ မြင့်တက်ပြောင်းလဲသွားသည်။ထို့ပြင် ပြည်ပသို့ တင်ပို့ရောင်းချသည့် FOB ဈေးနှုန်းအနေဖြင့်လည်း ကြက်သွန်နီ (၂၀၂၆ Crop) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၇၅ မှ ၇၉၅ ဒေါ်လာအထိ ဈေးဖွင့်ထားကြောင်း ကုန်သွယ်မှုဈေးကွက်သတင်းများအရ သိရသည်။
Jul 14 • 1:47 AM
Myanmar
Local
Share
| 24 | 0 | 0 | 0 |


