back

ဧရာဝတီတိုင်း၌ မိုးဆက်တိုက်ရွာပြီး မြစ်ရေ မြင့်တက်လာမှုကြောင့် အရေးပေါ် ရေကြီးမှုသတိပေးချက်ထုတ်ပြန်

Jul 14 • 1:37 AM

breaking-news

Myanmar

Ayeyarwady

cover

ဧရာဝတီတိုင်း၌ မိုးဆက်တိုက်ရွာပြီး မြစ်ရေ မြင့်တက်လာမှုကြောင့် အရေးပေါ် ရေကြီးမှုသတိပေးချက်ထုတ်ပြန်

ဧရာဝတီတိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မြစ်ရေ၊ ချောင်းရေများ မြင့်တက်လာပြီး အရေးပေါ်ရေကြီးနိုင်သည့် အန္တရာယ်ရှိနေသဖြင့် ပြည်သူများ ကြိုတင်ပြင်ဆင်ကြရန...

ဧရာဝတီတိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မြစ်ရေ၊ ချောင်းရေများ မြင့်တက်လာပြီး အရေးပေါ်ရေကြီးနိုင်သည့် အန္တရာယ်ရှိနေသဖြင့် ပြည်သူများ ကြိုတင်ပြင်ဆင်ကြရန် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန (မိုး/ဇလ) က ဇူလိုင်လ ၁၃ ရက်တွင် သတိပေးချက် ထုတ်ပြန်လိုက်သည်။ တိုင်းထွာချက်များအရ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် စိုးရိမ်ရေမှတ်အောက် ပေဝက် (၆ လက်မ) ခန့်သာ လိုတော့သည့်အထိ မြင့်တက်နေပြီး နောက် ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။သို့ဖြစ်ရာ ငါးသိုင်းချောင်းမြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေ ပြည်သူများအနေဖြင့် ရေကြီးမှုအန္တရာယ်ကို အထူးသတိပြုရန်နှင့် ရုတ်တရက်ရေတက်လာပါက အချိန်မီရွှေ့ပြောင်းနိုင်ရန် ပြင်ဆင်ထားရမည် ဖြစ်သည်။ အနိမ့်ပိုင်းဒေသရှိသူများအနေဖြင့် လယ်ယာသုံးပစ္စည်းများ၊ ရိက္ခာခြောက်၊ ဆေးဝါးနှင့် အဖိုးတန်ပစ္စည်းများကို ကုန်းမြင့်ပိုင်းသို့ ကြိုတင်ရွှေ့ပြောင်းထားရန်နှင့် ရေဝင်နိုင်သည့်နေရာများရှိ လျှပ်စစ်မိန်းခလုတ်များကို ကြိုတင်စစ်ဆေး ဖြတ်တောက်ထားကြရန် သက်ဆိုင်ရာက နှိုးဆော်ထားသည်။

news-view-count-icon

21