back

တရုတ်နှင့် မြောက်ကိုရီးယား ဝန်ကြီးချုပ်များ ပေကျင်းမြို့တွင် တွေ့ဆုံ ဆွေးနွေး

Jul 14 • 1:36 AM

breaking-news

China

Local News

cover

တရုတ်နှင့် မြောက်ကိုရီးယား ဝန်ကြီးချုပ်များ ပေကျင်းမြို့တွင် တွေ့ဆုံ ဆွေးနွေး

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်နှင့် မြောက်ကိုရီးယားနိုင်ငံ (DPRK) ဝန်ကြီးချုပ် ပတ်ထေဆောင်းတို့သည် ယမန်နေ့က ပေကျင်းမြို့တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း Re...

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်နှင့် မြောက်ကိုရီးယားနိုင်ငံ (DPRK) ဝန်ကြီးချုပ် ပတ်ထေဆောင်းတို့သည် ယမန်နေ့က ပေကျင်းမြို့တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း Reuters သတင်းအရ သိရသည်။တွေ့ဆုံရာတွင် တရုတ်ဝန်ကြီးချုပ် လီချန်က နှစ်နိုင်ငံသည် အနာဂတ်မျှဝေခြင်းနှင့် အပြန်အလှန် အထောက်အပံ့ရှိသည့် မိတ်ဆွေကောင်းများဖြစ်ပြီး တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေး ပိုမိုခိုင်မာဖွံ့ဖြိုးလာစေရန် လုပ်ဆောင်ခြင်းသည် တရုတ်အစိုးရ၏ ယိမ်းယိုင်ခြင်းမရှိသည့် မူဝါဒဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် လက်ရှိ နိုင်ငံတကာအခြေအနေ ရှုပ်ထွေးပြောင်းလဲနေချိန်တွင် ဆိုရှယ်လစ်နိုင်ငံနှစ်ခုအကြား မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ကာ နှစ်နိုင်ငံ၏ အကျိုးစီးပွားနှင့် နိုင်ငံတကာတရားမျှတမှုကို ပူးတွဲကာကွယ်သွားသင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။မြောက်ကိုရီးယား ဝန်ကြီးချုပ် ပတ်ထေဆောင်းကလည်း ၎င်းတို့အနေဖြင့် အဓိကအကျိုးစီးပွားများကို ကာကွယ်ရာတွင် တရုတ်နိုင်ငံဘက်မှ ခိုင်ခိုင်မာမာ ရပ်တည်ထောက်ခံသွားမည်ဖြစ်ပြီး၊ နှစ်နိုင်ငံ ထိပ်တန်းခေါင်းဆောင်များ၏ ဘုံသဘောတူညီချက်များကို လိုက်နာကာ တရုတ်နိုင်ငံနှင့်အတူ လက်တွဲလုပ်ဆောင်သွားရန် အသင့်ရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။

news-view-count-icon

12