back

တရုတ်နိုင်ငံရှိ AI သုတေသနဌာနသစ်ကို ဓာတုဗေဒ နိုဘယ်ဆုရှင် အိုမာယာဂီ နုတ်ထွက်ပြီး ဦးဆောင်မည်ဖြစ်

Jul 14 • 1:35 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံရှိ AI သုတေသနဌာနသစ်ကို ဓာတုဗေဒ နိုဘယ်ဆုရှင် အိုမာယာဂီ နုတ်ထွက်ပြီး ဦးဆောင်မည်ဖြစ်

၂၀၂၅ ခုနှစ် ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုရှင် သုံးဦးထဲမှ တစ်ဦးဖြစ်သူ ဒေါက်တာအိုမာယာဂီ (Omar Yaghi) သည် ကယ်လီဖိုးနီးယားတက္ကသိုလ် (UC Berkeley) မှ နုတ်ထွက်ကာ တရုတ်နိုင်...


၂၀၂၅ ခုနှစ် ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုရှင် သုံးဦးထဲမှ တစ်ဦးဖြစ်သူ ဒေါက်တာအိုမာယာဂီ (Omar Yaghi) သည် ကယ်လီဖိုးနီးယားတက္ကသိုလ် (UC Berkeley) မှ နုတ်ထွက်ကာ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ရှိ ချင်းဟွာတက္ကသိုလ် (Tsinghua University) သို့ ပြောင်းရွှေ့ပြီး AI သုတေသနဌာနသစ်တစ်ခုကို အချိန်ပြည့် ဦးဆောင်တော့မည်ဖြစ်ကြောင်း New York Times သတင်းအရ သိရသည်။ ချင်းဟွာတက္ကသိုလ်က ၎င်းအား ကမ္ဘာ့ထိပ်တန်း ဓာတုဗေဒပညာရှင်တစ်ဦးအဖြစ် တရားဝင်ကြိုဆိုဂုဏ်ပြုခဲ့ပြီး ဒေါက်တာယာဂီကလည်း ဤရာထူးသစ်သည် သိပ္ပံပညာကို ပိုမိုကြီးမားသည့် ရည်မှန်းချက်များဖြင့် လုပ်ဆောင်နိုင်မည့် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ဂျော်ဒန်နိုင်ငံရှိ ပါလက်စတိုင်းဒုက္ခသည် မိဘများမှ မွေးဖွားလာပြီး ဆင်းရဲခက်ခဲစွာ ကြီးပြင်းခဲ့ရသူ ဒေါက်တာယာဂီသည် အသက် ၁၅ နှစ်တွင် အမေရိကန်သို့ ရောက်ရှိလာခဲ့သူဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့်နှစ်က နိုဘယ်ဆုလက်ခံရန် ပြင်ဆင်နေချိန်အတွင်း ဒေါ်နယ်ထရန့်၏ အမျိုးသားရေးဝါဒနှင့် လူဝင်မှုကြီးကြပ်ရေးမူဝါဒများသည် သိပ္ပံပညာထူးချွန်မှုကို မြှင့်တင်ပေးနေသည့် အမေရိကန်တက္ကသိုလ်များနှင့် ကုမ္ပဏီများကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း စိုးရိမ်တကြီး ဝေဖန်ထောက်ပြခဲ့ဖူးသည်။ ယခုအခါ ၎င်းသည် သိပ္ပံသုတေသနအတွက် တရုတ်နိုင်ငံတွင် အသစ်ဖွဲ့စည်းလိုက်သည့် AI အင်စတီကျု၏ အကြီးအကဲအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခြင်း ဖြစ်သည်။

news-view-count-icon

12