back

မန္တလေး ကညနရုံးတွင် ယာဉ်စစ်ဆေးခြင်းအတွက် Online Booking စနစ်ကို ဇူလိုင် ၂၀ ရက်မှစတင်ကာ ဆောင်ရွက်ပေးမည်

Jul 14 • 1:34 AM

breaking-news

Myanmar

Mandalay

cover

မန္တလေး ကညနရုံးတွင် ယာဉ်စစ်ဆေးခြင်းအတွက် Online Booking စနစ်ကို ဇူလိုင် ၂၀ ရက်မှစတင်ကာ ဆောင်ရွက်ပေးမည်

မန္တလေးမြို့၊ သိပ္ပံလမ်းရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံးတွင် ယာဉ်ပိုင်ရှင်များ တန်းစီစောင့်ဆိုင်းရသည့် အချိန်ကို လျှော့ချနိုင်ရန်အတွက် လ...

မန္တလေးမြို့၊ သိပ္ပံလမ်းရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံးတွင် ယာဉ်ပိုင်ရှင်များ တန်းစီစောင့်ဆိုင်းရသည့် အချိန်ကို လျှော့ချနိုင်ရန်အတွက် လာမည့် ဇူလိုင်လ ၂၀ ရက်နေ့မှစတင်ကာ Online Booking စနစ်အား အချိန်ပိုင်းများ ခွဲခြား၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဇူလိုင် ၁၃ ရက်တွင် ကြိုတင်အသိပေး ကြေညာထားသည်။ယာဉ်စစ်ဆေးခြင်းကို အချိန်ခွဲခြားဆောင်ရွက်ပေးမည်ဖြစ်ရာ နံနက်ပိုင်းတွင် နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ၁ နာရီလျှင် တစ်ကြိမ်ဖြင့် ၄ ကြိမ်သတ်မှတ်ကာ တစ်ကြိမ်လျှင် ၁ ၇၅ စီးနှုန်းဖြင့် စုစုပေါင်း ယာဉ်အစီးရေ ၇၀၀ ကို စစ်ဆေးပေးမည်ဖြစ်သည်။ နေ့လယ်ပိုင်းတွင်မူ မွန်းလွဲ ၁ နာရီမှ ညနေ ၃ နာရီအထိ ၁ နာရီလျှင် တစ်ကြိမ်ဖြင့် ၃ ကြိမ်သတ်မှတ်ကာ တစ်ကြိမ်လျှင် ၁၈၀ စီးနှုန်းဖြင့် စုစုပေါင်း ယာဉ်အစီးရေ ၅၄၀ ကို အသီးသီး စစ်ဆေးပေးသွားမည် ဖြစ်သည်။Booking ရရှိထားသည့် အချိန်ထက် စောစီးစွာလာရောက်တန်းစီသည့် ယာဉ်များကို ရုံးဝင်းအတွင်းသို့ ဝင်ရောက်ခွင့်ပြုမည်မဟုတ်သဖြင့် မိမိတို့ Booking ရရှိထားသည့် အချိန်၌သာ လာရောက်ကြရန် အသိပေးထားသည်။ သို့ပါ၍ Online Booking ရယူရာတွင် ဆက်သွယ်ရမည့် ဖုန်းနံပါတ်ကို မပျက်မကွက် ထည့်သွင်းပေးပါရန် မန္တလေးတိုင်းဒေသကြီး ကညနရုံးက မေတ္တာရပ်ခံထားကြောင်း သိရသည်။

news-view-count-icon

16