ငါးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မည့် ဧရိယာများတွင် လိုအပ်သော သွင်းအားစုများ ရရှိနိုင်စေရန် ဒေသတွင်းထွက် အစာကုန်ကြမ်းများကို အသုံးပြု၍ မွေးမြူထုတ်လုပ်နိုင်မည့် နည်းပညာပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်းက ဇူလိုင် ၈ ရက်တွင် ပြည်သူ့လွှတ်တော်၌ ပြောကြားခဲ့သည်။ ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် ငါး၊ ပုစွန်နှင့် ဂဏန်း မွေးမြူထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချခြင်း၊ ဈေးကွက်ချဲ့ထွင်ခြင်း၊ ဈေးကွက်အသစ်များ ရှာဖွေခြင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ခြင်းနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းတို့ကို ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jul 13 • 10:04 AM
Myanmar
Local
Share
| 26 | 0 | 0 | 0 |


