လာမည့်စက်တင်ဘာလတွင် ထွက်ရှိမည့် iPhone 18 Pro မော်ဒယ်များ၏ ကုန်ကျစရိတ် မြင့်တက်လာမှုကို လျှော့ချရန်နှင့် ဖုန်းဈေးနှုန်းမတက်စေရန်အတွက် ဈေးနှုန်းသက်သာသော တရုတ်နိုင်ငံ၏ Memory Chip ကုမ္ပဏီဖြစ်သည့် CXMT နှင့် ပူးပေါင်းရန် ကြိုးပမ်းခဲ့သည့် Apple ၏အစီအစဉ် ကျရှုံးသွားခဲ့ကြောင်း ဇူလိုင် ၁၃ ရက် သတင်းများအရ သိရသည်။ Apple အနေဖြင့် ၎င်းတို့၏ နည်းပညာအသစ်ဖြစ်သော A20 Pro Chip တွင် Memory ကို Processor ၏ ဘေးဘက်၌ ပထမဆုံးအကြိမ် ပြောင်းလဲတပ်ဆင်မည့် ဒီဇိုင်းအတွက် Chip ထုတ်လုပ်သူနှင့် လပေါင်းများစွာ ပူးပေါင်းစမ်းသပ်ရန် လိုအပ်သော်လည်း၊ ယင်းနည်းပညာတွင် အတွေ့အကြုံရှိပြီးဖြစ်သည့် Samsung၊ SK Hynix နှင့် Micron တို့နှင့်သာ ဆက်လက်လုပ်ဆောင်ရန် အချိန်အခြေအနေအရ ဖြစ်လာခဲ့သည်။ ထို့ကြောင့် တရုတ်ကုမ္ပဏီများနှင့် ချိတ်ဆက်ကာ ကုန်ကျစရိတ်လျှော့ချမည့် အစီအစဉ် ပျက်ပြယ်သွားခဲ့သဖြင့် လာမည့် iPhone 18 Pro ဖုန်းများမှာ ဈေးနှုန်းမြင့်တက်လာရန် သေချာသလောက် ရှိနေကြောင်း သိရသည်။
နည်းပညာသစ်အပြောင်းအလဲနှင့် အချိန်မလောက်ငမှုကြောင့် iPhone 18 Pro ကို ဈေးမတက်ရန် တရုတ် Memory Chip ကုမ္ပဏီနှင့် လက်တွဲမည့် Apple ၏အစီအစဉ် ကျရှုံး
Jul 13 • 10:03 AM
Myanmar
International
Share
| 23 | 0 | 0 | 0 |


