နော်ဝေနှင့် အင်္ဂလန်တို့ ယှဉ်ပြိုင်ခဲ့သည့် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွင် အင်္ဂလန်အသင်းက အချိန်ပို၌ ၂-၁ ဖြင့် အနိုင်ရရှိသွားခဲ့ပြီးနောက်၊ ချစ်ခင်ရင်းနှီးစွာ လောင်းကြေးထပ်ခဲ့မှုအရ နော်ဝေလေကြောင်းလိုင်းသည် ၎င်း၏ အင်စတာဂရမ်စာမျက်နှာတွင် ဗြိတိသျှလေကြောင်းလိုင်း၏ လိုဂိုကို တစ်ရက်တာ ပြောင်းလဲတင်ပေးခဲ့ရကြောင်း ဇူလိုင် ၁၂ ရက် သတင်းများအရ သိရသည်။ လူမှုကွန်ရက်ပေါ်တွင် သန်းနှင့်ချီသော လူများ စိတ်ဝင်စားခဲ့သည့် အဆိုပါဖြစ်စဉ်၌ နော်ဝေလေကြောင်းလိုင်းက အင်္ဂလန်အသင်း၏ ဆီမီးဖိုင်နယ်တက်လှမ်းမှုကို ဂုဏ်ပြုကြောင်းနှင့် ယခုလောင်းကြေးမှာ နှလုံးသားထဲ ထာဝရနေရာယူသွားမည်ဖြစ်ကြောင်း ရေးသားခဲ့ပြီး၊ ဗြိတိသျှလေကြောင်းလိုင်းကလည်း မိနစ် ၉၀ တွင် ပြိုင်ဘက်ဖြစ်ခဲ့သော်လည်း ထာဝရမိတ်ဆွေများဖြစ်သွားပြီဟု အပြန်အလှန် ချစ်ခင်လေးစားစွာဖြင့် ပြန်လည်မှတ်ချက်ပြုခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ဖလားပွဲစဉ်၌ အင်္ဂလန်ကို ရှုံးနိမ့်ခဲ့သဖြင့် နော်ဝေလေကြောင်းလိုင်းက ဗြိတိသျှလေကြောင်းလိုင်းလိုဂိုအား အင်စတာဂရမ်တွင် တစ်ရက်တာ ပြောင်းလဲဖော်ပြ
Jul 13 • 10:02 AM
Myanmar
International
Share
| 28 | 0 | 0 | 0 |


