back

ထိုင်းနိုင်ငံတွင် အိမ်မွေးခွေးတစ်ကောင်က လယ်ကွင်းထဲမှ တရုတ်ထုတ်လက်ပစ်ဗုံးတစ်လုံး ကိုက်ချီလာသဖြင့် အိမ်ရှင်မိသားစု ထိတ်လန့်ခဲ့ရ

Jul 13 • 9:32 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံတွင် အိမ်မွေးခွေးတစ်ကောင်က လယ်ကွင်းထဲမှ တရုတ်ထုတ်လက်ပစ်ဗုံးတစ်လုံး ကိုက်ချီလာသဖြင့် အိမ်ရှင်မိသားစု ထိတ်လန့်ခဲ့ရ

ထိုင်းနိုင်ငံ၊ ဆီဆခတ်နယ်စပ်ခရိုင်တွင် အိမ်မွေးခွေးတစ်ကောင်သည် လယ်ကွင်းထဲမှ အရာဝတ္ထုတစ်ခုကို ကိုက်ချီဆော့ကစားရင်း နေအိမ်သို့ ယူဆောင်လာရာ၊ ဇူလိုင် ၁၁ ရက်တွင် အိမ်...

ထိုင်းနိုင်ငံ၊ ဆီဆခတ်နယ်စပ်ခရိုင်တွင် အိမ်မွေးခွေးတစ်ကောင်သည် လယ်ကွင်းထဲမှ အရာဝတ္ထုတစ်ခုကို ကိုက်ချီဆော့ကစားရင်း နေအိမ်သို့ ယူဆောင်လာရာ၊ ဇူလိုင် ၁၁ ရက်တွင် အိမ်ရှင်ဖြစ်သူက စစ်ဆေးကြည့်ရှုစဉ် စနက်တံမပြုတ်သေးသော တရုတ်ထုတ် Type 82-2 အမျိုးအစား လက်ပစ်ဗုံးဖြစ်နေသည်ကို တွေ့ရှိခဲ့ရသဖြင့် သက်ဆိုင်ရာသို့ အရေးပေါ် အကြောင်းကြားခဲ့ရသည်။ တာဝန်ရှိသူများ လာရောက်စစ်ဆေးရာ အဆိုပါလက်ပစ်ဗုံးမှာ သက်တမ်းကြာမြင့်နေပြီဖြစ်သော်လည်း ပေါက်ကွဲနိုင်စွမ်း အပြည့်ရှိနေဆဲဖြစ်သဖြင့် ၎င်းကို လယ်ကွင်းအတွင်းသို့ ပြန်လည်သယ်ဆောင်ကာ အောင်မြင်စွာ ဖောက်ခွဲဖျက်ဆီးခဲ့ရပြီး၊ ယင်းဖြစ်စဉ်အပြီးတွင် ခရိုင်တာဝန်ရှိသူများက ပြည်သူများအနေဖြင့် အန္တရာယ်ရှိသော ပစ္စည်းများတွေ့ရှိပါက ကိုင်တွယ်ခြင်းမပြုဘဲ ချက်ချင်းအကြောင်းကြားကြရန် နှိုးဆော်ထားကြောင်း သိရသည်။

news-view-count-icon

16