back

ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်းပေါင်း ၆၄ သင်းအထိ တိုးမြှင့်ကျင်းပရန် ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို စဉ်းစားနေ

Jul 13 • 10:05 AM

breaking-news

Myanmar

International

cover

ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်းပေါင်း ၆၄ သင်းအထိ တိုးမြှင့်ကျင်းပရန် ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို စဉ်းစားနေ

အသင်းပေါင်း ၄၈ သင်းဖြင့် စတင်ကျင်းပခဲ့သည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အောင်မြင်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲအား အသင်းပေါင်း ၆၄ သင်းအထိ တိုးမြှင့်ပါဝင်မည့် ပြို...

အသင်းပေါင်း ၄၈ သင်းဖြင့် စတင်ကျင်းပခဲ့သည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အောင်မြင်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲအား အသင်းပေါင်း ၆၄ သင်းအထိ တိုးမြှင့်ပါဝင်မည့် ပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပရန် စဉ်းစားနေကြောင်း ဖီဖာဥက္ကဋ္ဌ ဂျီယာနီ အင်ဖန်တီနိုက ဆွစ်ဇာလန်ရုပ်သံလိုင်းတစ်ခုနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ ၎င်းက နိုင်ငံအသင်းတိုင်း ကမ္ဘာ့ဖလားတွင် ပါဝင်ယှဉ်ပြိုင်ခွင့် အိပ်မက်မက်ခွင့်ရှိသင့်ပြီး ၆၄ သင်းပြိုင်ပွဲသည်လည်း အလုပ်ဖြစ်နိုင်ကြောင်း ယုံကြည်ထားကာ၊ ယခုနှစ်ပြိုင်ပွဲအပြီးတွင် လေ့လာဆန်းစစ်မှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၉၈ ခုနှစ်မှစ၍ ၃၂ သင်းဖြင့် ကျင်းပခဲ့ရာမှ ၂၀၁၇ ခုနှစ် ဖီဖာကောင်စီ၏ အတည်ပြုချက်အရ ယခုနှစ်တွင် ၄၈ သင်းအဖြစ် ပထမဆုံးအကြိမ် ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်ပြီး၊ လာမည့် နှစ် ၁၀၀ ပြည့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကိုမူ စပိန်၊ ပေါ်တူဂီနှင့် မော်ရိုကိုတို့က အဓိကအိမ်ရှင်အဖြစ် လက်ခံကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

news-view-count-icon

18