back

တိုင်ဖွန်းဘာဗီမုန်တိုင်း တရုတ်နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းသို့ ဝင်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်း ၂ ဒသမ ၈ သန်းကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရ

Jul 13 • 9:27 AM

breaking-news

China

Local News

cover

တိုင်ဖွန်းဘာဗီမုန်တိုင်း တရုတ်နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းသို့ ဝင်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်း ၂ ဒသမ ၈ သန်းကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရ

တရုတ်ပြည်မကြီးသို့ ယခုနှစ်အတွင်း အားအပြင်းဆုံး ဝင်ရောက်တိုက်ခတ်ခဲ့သည့် တိုင်ဖွန်းဘာဗီမုန်တိုင်းကြောင့် ဇူလိုင် ၁၂ ရက်နောက်ပိုင်း နိုင်ငံတစ်ဝန်းရှိ လူပေါင်း ၂ ဒသ...

တရုတ်ပြည်မကြီးသို့ ယခုနှစ်အတွင်း အားအပြင်းဆုံး ဝင်ရောက်တိုက်ခတ်ခဲ့သည့် တိုင်ဖွန်းဘာဗီမုန်တိုင်းကြောင့် ဇူလိုင် ၁၂ ရက်နောက်ပိုင်း နိုင်ငံတစ်ဝန်းရှိ လူပေါင်း ၂ ဒသမ ၈ သန်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဆင်ဟွာသတင်းအရ သိရသည်။ မုန်တိုင်းတိုက်ခတ်မှုကြောင့် ဇီကျန်းပြည်နယ်၊ ဝမ်ကျိုးမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကာ၊ တရုတ်(တိုင်ပေ)တွင် လူ ၁၃၄ ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် လေယာဉ်ခရီးစဉ် ရာပေါင်းများစွာကိုလည်း ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။ လေပြင်းတိုက်ခတ်မှုကြောင့် ယွဲ့ချင်းမြို့တွင် သစ်ပင် ၁,၃၀၀ ကျော် လဲကျပျက်စီးခဲ့ပြီး လက်ရှိတွင် နိုင်ငံတစ်ဝန်း၌ မိုးရွာသွန်းမှု ဆက်လက်ကြာရှည်နိုင်ကြောင်း မိုးလေဝသပညာရှင်များက သတိပေးထားသည်။

news-view-count-icon

12